ပေါ်ထွန်းလာမည့် “ဖက်ဒရယ်ပြည်ထောင်စုကြီး”ကို မျှော်ကိုးလျက် ပြည်ထောင်စုအင်စတီကျု့မှ ထုတ်နုတ်စုစည်းဘာသာပြန်တင်ဆက်ထားသော 'ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ' သုတေသနစာအုပ်ကို အများပြည်သူဖတ်ရှုလေ့လာနိုင်ရန်အတွက် မျှဝေပေးလိုက်ပါသည်။
ပြည်ထောင်စုအင်စတီကျု့မှ ပိုမိုတိကျခိုင်မာသော သုတေသနနည်းနာများဖြင့် ကိုးကားချက်များကို စနစ်တကျ ပြန်လည်မွမ်းမံပြုစုထားသည့် ခွန်းမာတ်ရ်ကိုဘန်၏ တတိယအကြိမ်မြောက် ‘ပင်လုံစိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့’ သုတေသနစာအုပ်ကို အများပြည်သူဖတ်ရှုလေ့လာနိုင်ရန်အတွက် မျှဝေပေးလိုက်ပါသည်။
လက်နက်ကိုင်စွဲတော်လှန်သူများ မည်ကဲ့သို့ တွေးခေါ်စဉ်းစားနေသနည်းဟူသောအကြောင်းအရာကိုလောကအမြင် Worldview ဟူသောလူမှုသိပ္ပံအယူအဆတစ်ရပ်ဖြင့် ချဉ်းကပ်လေ့လာထား သုံးသပ်ထားသည့် စာအုပ်ဖြစ်သည်။ တော်လှန်ရေးဟူသည် အဖွဲ့အစည်းဖြင့် ချီတက်ဖော်ဆောင်ရသည့်အတွက် အဖွဲ့အစည်းသဘော၊ အဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှုဟူသည် Organization Change ဟူသောအယူအဆဖြင့်လည်းနီးကပ်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ဖြစ်တန်ရာ စဉ်းစားချက်များကိုတင်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။
အထက်လွှတ်တော်အယူအဆ ဖြစ်ပေါ်ပြောင်းလဲလာပုံနောက်ခံသမိုင်းအကျဉ်း၊ မြန်မာနိုင်ငံလွှတ်တော်ဖြစ်ပေါ်ပြောင်းလဲလာပုံ၊ တပြည်ထောင် (သို့) ပြည်ထောင်စုပြဿနာနှင့် လက်ရှိ မြန်မာနိုင်ငံ၏ အမျိုးသားလွှတ်တော် (ခေါ်) အထက်လွှတ်တော် ဖွဲ့စည်းလည်ပတ်နေပုံ၊ ဖြစ်ပေါ်ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေနှင့် အမျိုးသားလွှတ်တော်၏ ကိုယ်စားပြုမှု၊ စွမ်းဆောင်နိုင်မှုအပေါ်သက်ရောက်မှု အခြေအနေတို့ကိုလေ့လာဝေဖန်ဆန်းစစ်ထားပါသည်။
စာတမ်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးများအမျိုးအစားစုံလင်ကွဲပြားမှုသည် ယနေ့ထိတိုင် စည်းလုံးညီညွှတ်မှုမရှိခြင်း၏ အရင်းခံပြဿနာမဟုတ်ပါ။ ၎င်း မတူကွဲပြားသောလူမျိုးများစုစည်းတည်ရှိနေမှုကို အင်အားတစ်ရပ်အဖြစ်အသုံးချဖို့ရာ မစွမ်းဆောင်ခဲ့ပဲ ခွဲခြားဆက်ဆံခဲ့သော စနစ်အဆက်ဆက်ကာသာလျှင် ပြဿနာဖြစ်ကြောင်းမီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။
The purpose of this paper is to argue that diversity is not the cause of ethnic conflicts and divisions in Myanmar but rather the differential treatment on diversity is the problem creating all those ethnic conflicts and divisions. This paper is written in four parts
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီမှ အနိုင်ရရှိပြီးနောက် အစိုးရစတင်ဖွဲ့ စည်းသည့်အခါ ယခင်အစိုးရလက်ထက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား “(၂၁) ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟုပြောင်းလဲသုံးနှုန်းခဲ့ပါသည်။ ထို (၂၁) ရာစုပင်လုံဟုသုံးနှုန်းထားခြင်းအတွက် သက်ဆိုင်သူများအကြားပင်လုံနှင့်စပ်ဆိုင်သောကတိကဝတ်၊...
“ကိုယ့်ရွာအိုးစည်ကိုယ်တီး၊ ကိုယ့်ရပ်ရွာအကျိုးကိုယ်သယ်ပိုး” (ရှမ်းရိုးရာစကားပုံ)
ဤစာတမ်းသည် ဒေသန္တရအုပ်ချုပ်ရေး၏ အခြေခံသဘောသဘာဝ၊ ဒေသန္တရ အစိုးရ၏ဖွဲ့စည်းမှုပုံစံများ၊ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ အကန့်အသတ်များနှင့် အခန်းကဏ္ဍများကိုအကျဉ်းချုပ်ဖော်ပြထားပါသည်။ ထို့အပြင် ဒေသန္တရအုပ်ချုပ်ရေး ဖွဲ့စည်းမှုနှင့် အကန့်အသတ်များ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့်ဒီမိုကရေစီဆက်စပ် မှု၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ပြည်သူလူထု ပါဝင်ခြင်းများကိုလည်း ဆွေးနွေးတင်ပြထားပါသည်။
ယခုစာတမ်းသည် ပြောင်းလဲနေသောခေတ်ကာလနှင့်အညီလိုက်လျောညီထွေမှုရှိသောပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန်များစွာနောက်ကျနေခဲ့ပြီဖြစ်သော မြန်မာနိုင်ငံ၏ မြေယာပြုပြင်ပြောင်းလဲမှုများအကြောင်းကိုတည်ဆဲဥပဒေများ၊ ပြဋ္ဌာန်းချက်များ၊ တရားစီရင်ထုံးများ၊ လုပ်ထုံးလုပ်နည်းများနှင့် လက်တွေ့တွင် ဖြစ်ပေါ်နေသော မြေယာဆိုင်ရာ အငြင်းပွားမှုများကို အခြေခံထား သုံးသပ် တင်ပြထားပါသည်။
ဤအစီရင်ခံစာတွင် အဓိကထူးခြားချက်မှာ -
(၁)။ ၂၀၁၁ခုနှစ်ကတည်းကရေးထိုးထားသည့် အပစ်ရပ်စာချုပ်များကိုပထမဆုံးအကြိမ် တစ်စုတစ်စည်းတည်းဖော်ပြထားခြင်း။
(၂)။ ၂၀၁၁ ခုနှစ်ကတည်းကစတင်ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်တကွ စာချုပ်များကိုသုံးသပ်ထားခြင်းတို့ဖြစ်ပါသည်။...
တိုင်းရင်းသားလူမျိုးများလိုလားသောဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်သွားနိုင်ရန် မြန်မာနိုင်ငံသည် ကြီးများသောပြောင်းလဲမှုကြီးကိုစတင်နေခဲ့ပြီဖြစ်ပါသည်။ ဒီမိုကရေစီကိုအခြေခံသောဖက်ဒရယ်မူကိုမည်သို့ကျင့်သုံးမည် စသည့် အခြေခံအားဖြင့် သိသင့်သိထိုက်သောအချက်အလက်များကိုလေ့လာသောအခါ ဝေါဟာရများ၊ အသုံးအနှုန်းများကိုရှင်းရှင်းလင်းလင်းတိတိကျကျနားလည်သုံးစွဲနိုင်ရန် လိုအပ်ပါသည်။
ဤစာအုပ်သည် အပိုင်း (က)မှ နှိုင်းယှဉ်သုံးသပ်ထားသော “ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခြောက်ခုအနက်မှ ငါးခုကိုမူရင်းအတိုင်းပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် ဖော်ပြထားသော ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ငါးခုဟု ဆိုရာတွင် တရားဝင်ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ နှစ်ခု (၁၉၄၇ နှင့် ၁၉၇၄)၊ မြန်မာနိုင်ငံလွတ်လပ်ရေးရခါနီးတွင်
ယုံကြည်မှုခြားနားချက်၊ ခံယူမှုကွဲပြားချက်နှင့် သမိုင်းနှင့်အကြောင်းအရာဆိုင်ရာနားလည်မှု မတူညီသည့် အပေါ်အခြေခံပြီးအကြိတ်အနယ် ဆွေးနွေးအဖြေရှာကြသည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အထောက်အကူပြုစေရန် အလို့ငှာ ဤစာအုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများမှ တရားဝင်ကျင့်သုံးခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခု (၁၉၄၇ နှင့် ၁၉၇၄)၊ ယခုလက်ရှိကျင့်သုံးလျှက်ရှိသော
ဖက်ဒရယ်စနစ်ကိုအခြေခံသောတိုင်းပြည်များတွင် ပြည်သူလူထုနှင့် အနီးကပ်ဆုံးဖြစ်သော တတိယအလွှာအစိုးရဟု ခေါ်သည့် ဒေသန္တရအစိုးရများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုသို့ ဦးတည်နေသော်လည်း ရုပ်လုံးပေါ်လာခြင်း မရှိသေးသော လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွင်...
ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်ရေးနှင့် တည်ဆောက်ရေးတွင် တိုင်းရင်းသားလူမျိုးအဖြာဖြာနှင့် ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်းပါဝင်နိုင်ရန်မှာအလွန်အရေးကြီးပါသည်။ အနာဂါတ် ဖက်ဒရယ်နိုင်ငံတော် ပေါ်ပေါက်လာရန်အတွက် လက်ရှိလုပ်ဆောင်လျက်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၏ အဓိကရည်ရွယ်ချက်မှာလည်း တိုင်းရင်းသားပေါင်းစုံ နှင့် ပြည်သူလူထုအသီးသီး ပါဝင်ဆွေးနွေးပြီး ရရှိလာသော နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များကို အခြေပြုလျှက် မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုအပ်သလို နိုင်ငံ့ရှေ့ရေးအတွက် ပြုပြင်ပြောင်းလဲရန် ဖြစ်ပါသည်။