မြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများ အပိုင်း (ခ)- အတိတ်မှ သင်ခန်းစာများဖြင့် အနာဂါတ်သို့လှမ်းချီခြင်း (ဖက်ဒရယ်ယဉ်ကျေးမှုစာစဉ် - ၁)

Written by Tuesday, 26 June 2018 15:08

The Constitutions 2

pdf

20180501_mccs-p22

Size: 12.28 MB
Hits : 1744
Date added: 2020-02-08

မြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများ အပိုင်း (ခ)- အတိတ်မှ သင်ခန်းစာများဖြင့် အနာဂါတ်သို့လှမ်းချီခြင်း (ဖက်ဒရယ်ယဉ်ကျေးမှုစာစဉ် - ၁)

ဤစာအုပ်သည် အပိုင်း (က)မှ နှိုင်းယှဉ်သုံးသပ်ထားသော “ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခြောက်ခုအနက်မှ ငါးခုကိုမူရင်းအတိုင်းပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် ဖော်ပြထားသော ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ငါးခုဟု ဆိုရာတွင် တရားဝင်ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ နှစ်ခု (၁၉၄၇ နှင့် ၁၉၇၄)၊ မြန်မာနိုင်ငံလွတ်လပ်ရေးရခါနီးတွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးခဲ့သော ဖဆပလ၏ ပြည်လုံးဆိုင်ရာပထမညီလာခံမှ ချမှတ်လက်ခံအတည်ပြုခဲ့သော အနာဂါတ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ လမ်းညွှန်၊ တိုင်းရင်းသားလူမျိုးစုများ စုစည်းလေ့လာရေးသားသော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခု ဖြစ်သည့် Federal Constitution Drafting and Coordination Committee (FCDCC) နှင့် National Council of the Union of Burma (NCUB) တို့ကိုဆိုလိုခြင်းဖြစ်သည်။ ဤအပိုင်း (ခ)သည် အပိုင်း (က) အားလေ့လာသူများအတွက် ကိုးကားနိုင်ရန် နှင့် နိုင်ငံရေးဆွေးနွေးပွဲများ နှင့် ဖက်ဒရယ်လေ့လာသူများအတွက်ပါ များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။

------------------------------------------------------------------------------

Read 2251 times
PI

Related items

APP ရယူရန်

ပြည်ထောင်စု အင်စတီကျူ့မှ အင်္ဂလိပ်-မြန်မာ ဖက်ဒရယ်မူနှင့် သက်ဆိုင်သော ဝေါဟာရ အသုံးအနှုန်းများ စာအုပ်ကို Dictionary - Mobile Apps အနေဖြင့် မိမိ၏ ဖုန်းတွင်သော်လည်းကောင်း၊ ကွန်ပြူတာတွင်သော်လည်းကောင်း Install လုပ်နိုင်ပြီးဖြစ်ကြောင်း  

Android Windows