လေးစားရပါသော မိတ်ဖက်အဖွဲ့အစည်းများ ခင်ဗျာ,
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်၊ (၇၅)ကြိမ်မြောက်
“ပြည်ထောင်စုနေ့” အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
မျှော်လင့်နေသော “ဖက်ဒရယ်ပြည်ထောင်စုကြီး”
အမြန်ဆုံးရရှိဖို့ ဆန္ဒပြုပါသည်။
ပေါ်ထွန်းလာမည့် “ဖက်ဒရယ်ပြည်ထောင်စုကြီး”ကို မျှော်ကိုးလျက် ပြည်ထောင်စုအင်စတီကျု့မှ ထုတ်နုတ်စုစည်းဘာသာပြန်တင်ဆက်ထားသော 'ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ' သုတေသနစာအုပ်ကို အများပြည်သူဖတ်ရှုလေ့လာနိုင်ရန်အတွက် မျှဝေပေးလိုက်ပါသည်။