ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် တဖြည်းဖြည်းချင်း တိုးမြှင့်ပါဝင်ခွင့် - တွေ့ရှိရသော အဓိက သင်ခန်းစာများ

Written by Friday, 11 December 2020 14:19

Berghof Policy Brief 11

25 Nov 2020

Authors
Andreas Schädel, Véronique Dudouet

ဤမူဝါဒ အကျဥ်းချုပ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ သက်ဆိုင်သူများ ပါဝင်ရေးဆိုင်ရာ အချိန်ကာလသတ်မှတ်ခြင်း၊ အစီအစဥ်ချခြင်းနှင့် ပါဝင်မှုပုံစံတို့နှင့် စပ်လျဥ်း၍ အထောက်အထား၊ အချက်အလက် အခြေပြု သင်ခန်းစာများနှင့် အကြံပြုချက်များကို ဖော်ပြ ထားပါသည်။ အားလုံးလွှမ်းခြုံသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုအရေး အပြောင်းအလဲကို ဖော်ဆောင်နိုင်ရန် အထောက်အကူ ပြုမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အား မည်သို့ ဒီဇိုင်းဆွဲ၍ အကောင် အထည်ဖော်သင့်ပုံကို အကြံပြုရန် ရည်ရွယ်ပါသည်။

“တဖြည်းဖြည်းချင်း တိုးမြှင့်ပါဝင်ခွင့် - ထိရောက်သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ် နည်းလမ်းတစ်ရပ် ဖြစ်သလား” အမည်ရ သုတေသနစာတမ်း (Schädel နှင့်Dudouet 2020) တွင် ခြုံငုံ ဖော်ပြထားသော အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ မာလီနှင့် မြန်မာနိုင်ငံတို့မှ ငြိမ်းချမ်းရေး သဘောတူညီချက်များ ညှိနှိုင်း၊ အကောင်အထည်ဖော်ရာတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် မရေးထိုးထားသော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ပါဝင်သူများ အတွက် “တဖြည်းဖြည်းချင်း တိုးမြှင့်ပါဝင်ခွင့်” နည်းလမ်းများအား နှိုင်းယှဥ်လေ့လာချက်များကို အခြေခံ၍ဤမူဝါဒအကျဥ်းချုပ်အား ပြုစုထားပါသည်။

 

Burmese Version

 

English Version

Source : https://berghof-foundation.org

Read 909 times Last modified on Tuesday, 28 February 2023 13:36
PI

APP ရယူရန်

ပြည်ထောင်စု အင်စတီကျူ့မှ အင်္ဂလိပ်-မြန်မာ ဖက်ဒရယ်မူနှင့် သက်ဆိုင်သော ဝေါဟာရ အသုံးအနှုန်းများ စာအုပ်ကို Dictionary - Mobile Apps အနေဖြင့် မိမိ၏ ဖုန်းတွင်သော်လည်းကောင်း၊ ကွန်ပြူတာတွင်သော်လည်းကောင်း Install လုပ်နိုင်ပြီးဖြစ်ကြောင်း  

Android Windows