KNU - ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအမြဲတမ်းကော်မတီဝင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်သည့်ခေါင်းဆောင် စုစုပေါင်း (၈၀) ဦးတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်သုံးသပ်သည့်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၂)ရက်မှ (၂၃)ရက်အထိ လေးဝါးစခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။