UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) သည် NLD အစိုးရ တက်လာပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဆပ်ကော်မတီနှင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်လည်းကောင်း ၂၀၁၆ ခုနှစ် အစောပိုင်းကာလမှစတင်၍ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပိုမိုအဆင်ပြေမည်ဟု ယုံကြည်ထားသည့် NCA လမ်းကြောင်းပေါ်တွင် တွေ့ဆုံဆွေးနွေး လာခဲ့သည်မှာ (၁၇)လထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။