Print this page

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဝင်များ နှင့် သူတို့၏ လောကအမြင် - မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ မမြင်သော စိန်ခေါ်မှုများ

Written by Thursday, 27 February 2020 14:21
Rate this item
(0 votes)

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်များနှင့် သူတို့၏ လောကအမြင် - မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ မမြင်သောစိန်ခေါ်မှုများ

လက်နက်ကိုင်စွဲတော်လှန်သူများ မည်ကဲ့သို့ တွေးခေါ်စဉ်းစားနေသနည်းဟူသောအကြောင်းအရာကိုလောကအမြင် Worldview ဟူသောလူမှုသိပ္ပံအယူအဆတစ်ရပ်ဖြင့် ချဉ်းကပ်လေ့လာထား သုံးသပ်ထားသည့် စာအုပ်ဖြစ်သည်။ တော်လှန်ရေးဟူသည် အဖွဲ့အစည်းဖြင့် ချီတက်ဖော်ဆောင်ရသည့်အတွက် အဖွဲ့အစည်းသဘော၊ အဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှုဟူသည် Organization Change ဟူသောအယူအဆဖြင့်လည်းနီးကပ်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ဖြစ်တန်ရာ စဉ်းစားချက်များကိုတင်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၁၆ဖွဲ့မှ တာဝန်ထမ်းဆောင်ကြသည့် ထိပ်ပိုင်းခေါင်းဆောင်များအစ အလယ်အလတ် အရာရှိခေါင်းဆောင်အလယ်၊ မြေပြင်ရဲဘော်များအထိစစ်စစ်ပေါက်ပေါက် သုတေသနပြုလေ့လာခဲ့သည့် စာအုပ်တစ်အုပ်ဖြစ်သည်ဟုညွန်းဆိုလိုပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားများအသက်ပေးလောက်အောင် ထိုက်တန်သည် ယုံကြည်မှု(ဝါ) လောကအမြင်ဟူသည် အဘယ်နည်းဟူသောပုစ္ဆာတစ်ရပ်အတွက် ဤစာအုပ်သည် လမ်းပြမြေပုံတစ်ချပ်ကောင်းဖြစ်မည်ဟုညွန်းဆိုလိုပါသည်။

Read 4022 times
PI

Related items