Print this page

“ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသားလူမျိုးများ - မတူကွဲပြားခြင်းက ပြဿနာလား၊ ခွဲခြားခြင်းက ပြဿနာလား”

Written by Wednesday, 04 September 2019 22:09
Rate this item
(0 votes)

Union of Myanmar

pdf

20190912-23_ethnic_issue_unity-and-diversity-series-1_final

Size: 3.46 MB
Hits : 1521
Date added: 2020-02-08

“ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တိုင်းရင်းသားလူမျိုးများ - မတူကွဲပြားခြင်းက ပြဿနာလား၊ ခွဲခြားခြင်းက ပြဿနာလား”

စာတမ်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးများအမျိုးအစားစုံလင်ကွဲပြားမှုသည် ယနေ့ထိတိုင် စည်းလုံးညီညွှတ်မှုမရှိခြင်း၏ အရင်းခံပြဿနာမဟုတ်ပါ။ ၎င်း မတူကွဲပြားသောလူမျိုးများစုစည်းတည်ရှိနေမှုကို အင်အားတစ်ရပ်အဖြစ်အသုံးချဖို့ရာ မစွမ်းဆောင်ခဲ့ပဲ ခွဲခြားဆက်ဆံခဲ့သော စနစ်အဆက်ဆက်ကာသာလျှင် ပြဿနာဖြစ်ကြောင်းမီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် အဓိကအားဖြင့် အပိုင်း (၄) ပိုင်းပါဝင်ပါသည်။ အပိုင်း (၁) တွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး၊ လူနည်းစုတိုင်းရင်းသားလူမျိုး နှင့် ဌာနေတိုင်းရင်းသားလူမျိုးစသည့် ဝေါဟာရများနှင့်စပ်လျဉ်း၍ ခေတ်အဆက်ဆက် နှင့် လက်ရှိ မြန်မာ့လူမှုအသိုက်အဝန်းတွင် လက်ခံရှုမြင်ထားကြသော အမြင်အမျိုးမျိုးတို့အားမေးခွန်းထုတ်ဆွေးနွေးထားပါသည်။ အပိုင်း (၂) တွင် လွတ်လပ်ရေးရပြီးကာလ အစိုးရအဆက်ဆက်မှ စနစ်အဖြစ်တည်ဆောက် ကျင့်သုံးခဲ့ကြသော ဗမာလူမျိုးအခြေပြု အမျိုးသားရေး လက္ခဏာတည်ဆောက်ခြင်း နှင့် ၎င်း၏အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံ၏ အများပြည်သူဆိုင်ရာ အဆောက်အအုံများ နှင့် အုပ်ချုပ်ရေးယန္တရားများတွင် အမြစ်တွယ်အသားကျနေပြီဖြစ်သောဗမာလူမျိုးကြီးဝါဒ (ဗမာဖြစ်ခြင်း၊ မဖြစ်ခြင်း၏အကျိုး) နှင့် ဆက်စပ်အကြောင်းအရာများအားထည့်သွင်းဆွေးနွေးထားပါသည်။ အပိုင်း (၃) တွင် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးများအား (၁၃၅) မျိုးအဖြစ်ခွဲခြားသတ်မှတ်ရေတွက်ထားခြင်းသည် လက်တွေ ့အနေအထားနှင့်သဟဇာတဖြစ်ခြင်းမရှိမှုကိုမေးခွန်းထုတ်ထောက်ပြထားပြီး၊ အပိုင်း (၄) တွင် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားလူမျိုးဖြစ်တည်မှု နှင့် အမျိုးအစားအလိုက် နိုင်ငံရေး အခွင့်အရေး ပေးအပ်ထားခြင်းများကို တွေ ့နိုင်မည် ဖြစ်သည်။ တိုင်းရင်းသားရိုးရာစကားပုံများ နှင့် အမျိုးသားရေးသင်္ကေတများကိုလည်း နောက်ဆက်တွဲအဖြစ် ထည့်သွင်းဖော်ပြပေးထားပါသည်။

--------------------------------------------------

Read 5027 times
PI

Related items