Print this page

နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများအတွက် လူထုနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း ဆိုင်ရာ အထောက်အကူပြု လမ်းညွှန်

Written by Friday, 22 September 2017 15:44
Rate this item
(0 votes)

Public Consultation

pdf

pi_public_consultation_book_20160527

Size: 837.37 KB
Hits : 788
Date added: 2020-02-08

နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများအတွက် လူထုနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း ဆိုင်ရာ အထောက်အကူပြု လမ်းညွှန်

ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်ရေးနှင့် တည်ဆောက်ရေးတွင် တိုင်းရင်းသားလူမျိုးအဖြာဖြာနှင့် ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်းပါဝင်နိုင်ရန်မှာအလွန်အရေးကြီးပါသည်။ အနာဂါတ် ဖက်ဒရယ်နိုင်ငံတော် ပေါ်ပေါက်လာရန်အတွက် လက်ရှိလုပ်ဆောင်လျက်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၏ အဓိကရည်ရွယ်ချက်မှာလည်း တိုင်းရင်းသားပေါင်းစုံ နှင့် ပြည်သူလူထုအသီးသီး ပါဝင်ဆွေးနွေးပြီး ရရှိလာသော နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များကို အခြေပြုလျှက် မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုအပ်သလို နိုင်ငံ့ရှေ့ရေးအတွက် ပြုပြင်ပြောင်းလဲရန် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရှေ ့ဆက်လုပ်ဆောင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို အထောက်အကူပြုနိုင်ရန် နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားအစုအဖွဲ့၊ အရပ်ဒေသအသီးသီးမှ ပြည်သူလူထု၏ ဆန္ဒနှင့် အတွေးအမြင်များပါဝင်နိုင်ရန် နယ်ဆင်းဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြသော အဖွဲ့အစည်းအသီးသီးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဤလမ်းညွှန်းအား ထုတ်ဝေရခြင်း ဖြစ်ပါသည်။

----------------------------------------------------------------

Read 1664 times
PI

Related items